ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၉.၅.၂၀၂၅) ရက် နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၈၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၃၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၁၆.၅.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၆၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၀၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၃၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၀၀၀ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဆန်ကွဲ B(1,2) တစ်အိတ် ၂၀၀ဝကျပ်၊ ဖွဲနုတစ်အိတ် ၁၂၀ဝကျပ် ဈေးတက်၍ ဧည့်မထဆန်(မနောသုခ) (ဟောင်း) တစ်အိတ် ၅၀၀၀ ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်) တစ်အိတ် ၁၀၀၀၀ကျပ် ဈေးကျပြီး ပေါ်ဆန်းမွှေးဆန် နှင့် ဆန်ကွဲ B(2,3,4)ဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဆန်ကွဲ(1,2)နှင့်ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး၊ ဧည့်မထဆန်(မနောသုခ)ဈေးများ ကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများ ပြားလျက်ရှိပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင် ဉက္ကဌထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့